top of page
Search

What To Wear On Your Special Occasions

ပွဲတက်တဲ့အခါ ဘာတွေဝတ်ရမလဲခေါင်းစားဖူးလား။ ပွဲတက်အထည်တွေက စျေးကြီးပေးဝယ်ရတဲ့အပြင် တစ်ခါနှစ်ခါထက် ပိုဝတ်ဖို့အဆင်မပြေတာကြောင့်ရော၊ ပွဲအမျိုးအစားပေါ်မူတည်ပြီး Dress Code အလိုက်ရှာဖွေရတာရောကြောင့် ပွဲတက်ရင် ဘာဝတ်မလဲရွေးရတာက အတော်လေးခေါင်းစားရတဲ့အလုပ်တစ်ခုပေါ့။ ဒီနေ့တော့ SPONGE ရဲ့ Monthly Article မှာ ပွဲတက်ဝတ်စုံရွေးချယ်ဖို့ Tips & Trick လေးတွေကို ပြောပြပေးသွားမယ်နော်။


▪️Understanding Your Role In The Events

ပထမဆုံးအနေနဲ့ အရေးအကြီးဆုံးက ကိုယ်သွားရမယ့်ပွဲမှာ ကိုယ်က ဘယ်လို Role ကနေဖိတ်ကြားခံပြီးသွားရတာလဲဆိုတာသတိရှိနေဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့ဒါမှပဲ ရှောင်ရန်ဆောင်ရန် အရောင်နဲ့ ဒီဇိုင်းတွေကို ရွေးချယ်လို့ရမှာပေါ့နော်။ ဥပမာ ကိုယ်က မင်္ဂလာဆောင်သွားတဲ့အခါ သတို့သမီးကို Outshine ဖြစ်စေမယ့် အဖြူရောင်တွေ၊ ပေါ်လွင်တောက်ပလွန်းတဲ့ ဒီဇိုင်းတွေကိုဝတ်သွားလို့မရပါဘူး။ ထို့နည်းတူစွာပဲ Main Guest အနေနဲ့ တက်ရောက်ရမယ့်ပွဲမှာ ကိုယ်ကမှေးမှိန်နေမယ့်ပုံစံမျိုးဖြစ်နေရင် မကောင်းဘူးပေါ့နော်။ ဒါကြောင့်မို့ အရောင်နဲ့ ဒီဇိုင်းကို ပွဲစီစဉ်သူက သတ်မှတ်ပေးထားတဲ့ Dress Code အရရော၊ ကိုယ့်ရဲ့ Role အရပါ သေချာလေးရွေးတတ်ဖို့လိုပါတယ်။


▪️Main Character Of The Event: Birthday, MC, Ambassador and etc

ဒီလိုပွဲတွေတက်တဲ့အခါ ကိုယ်က Main Character ဖြစ်တာမို့ အတောက်ပဆုံး၊ အလှပဆုံးဖြစ်လေကောင်းလေးပေါ့နော်။ Color ရွေးချယ်တဲ့အခါမှာလဲ Dress Code ထဲမှာမှ အတောက်ပဆုံး၊ အထင်းလင်းဆုံးဖြစ်နေစေမယ့် အရောင်မျိုးတွေရွေးလို့ရပါတယ်။ ဒီနေရာမှာ Bright Color ကိုပြောတာမဟုတ်ပဲ ကိုယ့်ရဲ့ Color Season နဲ့လိုက်ဖက်ပြီး ပေါ်လွင်စေတဲ့ အရောင်မျိုးကိုပြောတာပါ။ ဥပမာ - Ivory White, Champagne Gold, Emerald Green, Royal Blue and Deep Purple or Glittery Black လို အရောင်မျိုးတွေပေါ့။ Fabric နဲ့ Design ကိုတော့ Elegant ဖြစ်တဲ့ပုံမျိုးလေးတွေသွားတာက ယဉ်ယဉ်လေးနဲ့ ပိုပြီးပေါ်လွင်စေပါတယ်။

▫️Do Not Rush ! Take Your Time

Yes! အရေးကြီးဆုံးအချက်က ဘယ်တော့မှ Last Minute Decisions မချဖို့ပါပဲ။ အနည်းဆုံးတစ်လလောက်တော့ ကြိုတင်ပြင်ဆင်ပြီးဝယ်စေချင်တယ်။ ကိုယ့်ရဲ့ Body Type နဲ့လိုက်မယ့် ဒီဇိုင်း၊ ပိတ်စနဲ့ အရောင်ကိုလဲ Dress Code အရသေချာရွေးပြီးမှ ဝယ်သင့်၊ ချုပ်သင့်တဲ့အပြင် Fitting ပြန်ချလို့မှီအောင် ပွဲနေ့မတိုင်ခင် ငါးရက်တစ်ပတ်လောက်အထည်ရနိုင်အောင် အချိန်ယူပြင်ဆင်တာက ကိုယ့်ကိုပိုပြီးလှပစေမှာပါ။ ဒါ့အပြင် တွဲဝတ်ဖို့ Shoes, Bags and Accessories တွေကိုလဲ ကြိုပြင်ဆင်ထားတာပိုကောင်းတယ်နော်။


▫️Accessories Investment For Special Occasions

ပွဲတက်ရာသီတွေအတွက် အနားကပ်မှ ခေါင်းစားတာမျိုးမဖြစ်အောင် ကြိုပြီး ဝယ်ယူစုဆောင်းထားလို့ရတဲ့ Accessories တွေကတော့ ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့်နားကပ်ကိုမှ Daily Wear ပုံစံမျိုးမဟုတ်ပဲ ပုလဲနဲ့ အခြား Gemstone တွေလုပ်တောက်တောက်ပပပြုလုပ်ထားတာမျိုးတွေ၊ Beaded Bags နဲ့ Bling Clutch or Handbags တွေ၊ Rhinestone Heels တွေပဲဖြစ်ပါတယ်။ အခြား ဘီးကုပ်လှလှလေးတွေ၊ Hair Accessoriesလှလှလေးတွေကိုလဲ လမ်းကြုံတုန်းဝယ်ထားလိုက်ရင် ပွဲတက်တဲ့အခါ အရမ်းကြီးခေါင်းမရှုပ်တော့ဘူးပေါ့။


▫️Fitting Tips and Tricks

ဒါကတော့ မင်မင်လုပ်လေ့ရှိတဲ့ Fitting Tricks လေးပေါ့။ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကလေ မနက်စာမစားခင်နဲ့ နောက်ဆုံးညစာစားပြီးချိန်မှာတောင် Waistline Measurement ကွာခြားချက်က 1-2 လက်မဝန်းကျင်ရှိပါတယ်။ Period မလာခင်တစ်ပတ်အလိုလောက်ဆို 3.5” လောက်အထိတောင် Bloating ဖြစ်တာမို့ စမ်းဝတ်ကြည့်တုန်းကတော်ပြီး ပွဲနေ့မှ အသက်ရှုမရလောက်အောင် ကြပ်နေတာမျိုးဖြစ်ဖူးကြတယ်မလား။ မင်မင်ကတော့ ဆွဲသားမပါတဲ့ပွဲတက်အထည်တွေကိုဆို ခါးနှစ်လက်မလောက်ခွါပြီးချုပ်ခိုင်းလေ့ရှိတယ်။ ပွဲနေ့ရောက်မှ အိမ်မှာ ကိုယ့်ဟာကို လက်ချုပ်လိုက်ပြီးသီတာဖြစ်ဖြစ်၊ Safety Pin လေးနဲ့ထိုးထားဖြစ်ဖြစ်လုပ်လေ့ရှိပါတယ်။ Bloating Is Normal ပါ၊ You’re not gaining weight!! စိတ်ညစ်မသွားပဲ ဒီ Tricks လေးကို လိုက်လုပ်ကြည့်ကြနော်။ အားလုံးပဲ လှပကြော့ရှင်းစွာနဲ့ပွဲတက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။




 
 
 

Comments


Visit SPONGE!

68 street, 33 x 34 street, MANDALAY.

HOTLINE: +95 9 781 619 337
OPEN DAILY. 9 AM TO 6 PM
  • Facebook
  • TikTok
  • Telegram
  • Instagram

© 2024 by SPONGE. ALL RIGHT RESERVED.

bottom of page