top of page
Search

Items You Should Collect For Upcoming Rainy Days

သိပ်မကြာခင်အချိန်လေးမှာ မိုးတွင်းရောက်တော့မှာဆိုတော့ မိုးအေးတဲ့နေ့ရက်တွေမှာ ဘာဝတ်ရမလဲတွေးရင်းခေါင်းခြောက်နေကြပြီထင်တယ်။ ဖက်ရှင်ကလဲ ကျချင်၊ ရာသီဥတုကလဲ စိုကျိကျိနဲ့မို့ အဆင်မပြေဖြစ်မှာစိုးရိမ်နေကြတယ်မလား။ ဒီနေ့တော့ SPONGE ရဲ့ Monthly Article လေးမှာ Rainy Days Wardrobe အတွက်လိုအပ်တဲ့ Essentials လေးတွေကို မျှဝေသွားပေးမယ်နော်။ အားလုံးပဲ သဘောကျနှစ်ခြိုက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင့်။


▫️𝗥𝗮𝗶𝗻𝗯𝗼𝗼𝘁𝘀

မိုးတွင်းနဲ့ Rainboots ဆိုတာက ခွဲလို့မရတဲ့အရာပဲလေနော်။ Rain Boots တွေက Y2K Fashion Trend တွေထဲကတစ်ခုလဲဖြစ်ပြီး၊ ဒီ 2023-2024 မှာ အရမ်း Trendy ဖြစ်လာနိုင်တဲ့ Fashion Item တစ်ခုမို့ မဝယ်ရသေးဘူးဆို အခုပဲပြေးဝယ်ထားလိုက်ဖို့အကြံပြုလိုက်ရပါတယ်။ Rain Boots ကိုမှ ဒီဇိုင်းအဆန်းလေးတွေ၊ Bright Colors လေးတွေနဲ့ အများအပြားထုတ်လာကြပြီမို့ နှစ်သက်ရာဝယ်ယူနိုင်ပါတယ်။ Trendy လဲဖြစ်ရမယ်၊ မိုးတွင်းနဲ့လဲ လိုက်ဖက်ချင်တယ်ဆိုရင်တော့ Mid Ankle Length Boots တွေ၊ Platform Loafers Design တွေနဲ့ ကာလာကိုတော့ အဖြူ၊ကာကီ၊ အမဲတို့လို Basic Color တွေအပြင် အစိမ်း၊အဝါ အစရှိတဲ့ စိမ်းစိုစိုကာလာတွေကိုလဲ ရွေးချယ်လို့ရပါတယ်ရှင့်။


▫️𝗟𝗼𝘂𝗻𝗴𝗲𝘄𝗲𝗮𝗿

ရုံးတက်အလုပ်လုပ်ရတဲ့သူပဲဖြစ်ဖြစ်၊ Work From Home လုပ်ရတဲ့သူပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်ရတဲ့ မိုးအေးအေးနေ့တွေကို နွေးနွေးထွေးထွေးသက်တောင့်သက်သာကျော်ဖြတ်နိုင်ဖို့ဆို Loungewear ကောင်းကောင်းလေးတစ်စုံတော့လိုမယ်နော်။ ခုမိုးတွင်းနဲ့ လာမယ့်ဆောင်းတွင်းအတွက် အအေးဒဏ်ကိုခံနိုင်ဖို့ဆိုရင် Loungewear ရွေးတဲ့အခါ ချည်သားတွေအစား Wool and Knit Wear တွေကို ဦးစားပေးရွေးဝယ်သင့်ပါတယ်။ ဒီအထည်တွေက နွေးထွေးပြီး ဖက်ရှင်ကျတဲ့အပြင် Comfort Luxury Vibe လေးရတော့မှာ Old Money Fashion ကြိုက်တဲ့သူတွေအတွက်လဲ အရမ်းအဆင်ပြေစေမှာပါ။


▫️𝗗𝗲𝗻𝗶𝗺 𝗙𝗮𝘀𝗵𝗶𝗼𝗻

Casual မှ Causal ပါဆိုတဲ့သူတွေအတွက်ကတော့ ဘယ်ဥတုကိုရောက်ရောက် Jeans တွေကတော့ မပါမဖြစ်ပဲလေ။ Jeans က Waterproof တော့မဟုတ်ပေမယ့်၊ Durability မြင့်မားပြီး ဖက်ရှင်ကျတာကြောင့် မင်မင်တို့လို Tropical Weather နဲ့ လိုက်ဖက်တဲ့ အထည်ပဲဖြစ်ပါတယ်။ Jeans တွေက ဝတ်ရတာပေါ့ပါးပြီး ကိုယ်ကြိုက်သလို Styling လုပ်လို့ရတာမို့ Quality ကောင်းကောင်း၊ Cutting လှလှ Jeans လေးတွေကို Wardrobe ထဲမှာ ဖြည့်ထားကြနော်။


▫️𝗤𝘂𝗶𝗰𝗸 𝗗𝗿𝘆 𝗙𝗮𝗯𝗿𝗶𝗰

စိုထိုင်းမှုမြင့်မားတဲ့ကာလဖြစ်ပြီး တစ်ခါတလေ ရက်သတ္တပတ်တစ်ခုနီးပါးလောက် မိုးအဆက်မပြတ်ရွာသွန်းတတ်တာကြောင့် အဝတ်တွေလှန်းရအဆင်မပြေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုကာလတွေမှာ အခြောက်မြန်တဲ့ Quick Dry Fabric တွေကို အထူးရွေးချယ်သင့်ပါတယ်ရှင့်။ ဝတ်ရတာလဲ သက်တောင့်သက်သာရှိပြီး စျေးကွက်ထဲ အလွယ်တကူတွေ့မြင်နိုင်တဲ့ Quick Dry Fabric တွေကတော့ Chiffon, Rayon, Lightweight Cotton, Polyester အစရှိသည်တို့ပဲရှိပါတယ်။


▫️𝗖𝗼𝗹𝗼𝗿 𝗖𝗼𝗺𝗯𝗶𝗻𝗮𝘁𝗶𝗼𝗻𝘀

Last but not least အနေနဲ့ပြောပြပေးသွားမှာကတော့ မိုးတွင်းနဲ့လိုက်ဖက်တဲ့ 2023 Fashion Color Combos တွေအကြောင်းပါ။ မိုးတွင်းမှာဆိုရင် အုံ့မှိုင်းနေတဲ့ကောင်းကင်နဲ့အပြိုင် Gloomy Combos တွေဝတ်မလား၊ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကြီးနဲ့အပြိုင် Fresh and Uplifting Combos ကိုပဲရွေးမလားကြိုက်တာသုံးလို့ရပါတယ်။




 
 
 

Comments


Visit SPONGE!

68 street, 33 x 34 street, MANDALAY.

HOTLINE: +95 9 781 619 337
OPEN DAILY. 9 AM TO 6 PM
  • Facebook
  • TikTok
  • Telegram
  • Instagram

© 2024 by SPONGE. ALL RIGHT RESERVED.

bottom of page