top of page
Search

𝗧𝗿𝗲𝗻𝗱𝘀 𝗧𝗮𝗸𝗶𝗻𝗴 𝗢𝘃𝗲𝗿 𝟮𝟬𝟮𝟰 𝗯𝘆 𝗦𝗣𝗢𝗡𝗚𝗘

Hello Everyone 2024 Spring Summer Wardrobe အတွက် ဘာလေးတွေဖြည့်ရမလဲ တွေးနေကြတဲ့သူတွေအတွက် ဒီနှစ်ရဲ့ နွေရာသီဖက်ရှင် Trends တွေကဘာတွေဖြစ်မလဲဆိုတာ အတူတူလိုက်ကြည့်လိုက်ကြရအောင်နော်။


Layer The Sheers

2024 Spring Summer Runway တွေမှာ အတွေ့မြင်ရဆုံး Trend တစ်ခုဖြစ်တဲ့ Sheer Fashion ကိုမှ တကယ့် Everyday Life ထဲခေါ်သွင်းလို့ရအောင် Layering လုပ်ပစ်တာမျိုးတွေဖြစ်ပါတယ်။ ပါးလွှတဲ့ ပိုးသား၊ ဇာသားတွေအပြင် Organza တွေကို စကပ်အနေနဲ့ဖြစ်ဖြစ်၊ Dress အနေနဲ့ဖြစ်ဖြစ် ဝတ်ဆင်ပြီး အပေါ်/အောက်ကနေ Top, Pants နဲ့ Outerwear တွေထပ်ဝတ်တာမျိုးက သင့်ရဲ့ Outfit ကို ပိုပြီးကြွစေတဲ့အပြင် Creative Look လေးကို ရစေပါတယ်။ စိတ်ပါရင် ဒီနှစ်ရဲ့ Trends တွေဖြစ်တဲ့ Extra Mini Skirts နဲ့ Shorts တွေကိုလဲ Sheer Fashion နဲ့ ပေါင်းစပ်လိုက်ရင် နေ့စဉ်ဘဝမှာ အသုံးဝင်မယ့် Layering Style တစ်ခုဖြစ်လာမှာပါ။


▫️Elevate Your Basics

2022-2023 မှာ Minimalist Clean Girl Look တွေအရမ်းနေရာယူခဲ့ပြီးပြီမို့ လာမယ့်နှစ်တွေမှာတော့ Elevated Basic Wear တွေကပိုပြီးနေရာယူလာတော့မှာပါ။ ဥပမာ - Oversized Blazer တွေအစား Shoulder ကြီးပြီး ခါးသိမ်ထားတဲ့ Blazer မျိုးတွေ၊ Basic Tee ကိုမှ Snatched Waist/Backless ဖြစ်တာမျိုးတွေ၊ Trousers တွေကိုဆိုလဲ သာမန်နဲ့နည်းနည်းလေးကွဲအောင် Paper Bag Waist တို့၊ Extra Pleated ပုံစံချုပ်ထားမျိုးတို့၊ နောက်ပြီး ရှိပြီးသား Dress ပုံစံရိုးရိုးလေးကိုမှ ပိုလှသွားအောင် Draping တွေထည့်ချုပ်တဲ့ပုံမျိုးတွေ၊ Drop Waist ပုံစံတွေ စသဖြင့် Basic Wear တွေကိုမှ ဆန်းသစ်မှုနည်းနည်းလေးပေါင်းစပ်ထားတဲ့ Elevated Basics လေးတွေကို ရှာဝယ်ထားလို့ရတယ်နော်။


▫️Everything Should Be Preppy

Preppy Style ကို နားလည်လွယ်အောင် ပြောရရင်တော့ သူက လူငယ်ဆန်တဲ့ Old Money Fashion လို့မှတ်လို့ရပါတယ်။ Minimalist ဆန်ပြီးရိုးတယ်လို့ထင်ရပေမယ့် တကယ်တော့ Preppy Style က ဘယ်သွားသွား၊ ဘာလုပ်လုပ်ကော့ကြော့နေအောင် ပြင်ထားတဲ့ လူငယ်ပုံစံမျိုးကို ပြောတာမို့ ထင်သလောက်တော့လဲ ဝတ်ရတာလွယ်မနေပါဘူး။ ကျောင်းသွားရင်လဲ Preppy Student Style, အလုပ်လုပ်တဲ့သူတွေကလဲ Professional Preppy, အားကစားလုပ်ရင်လဲ Sportive Preppy စသဖြင့် လှလှလေး ပြင်ဆင်နေရတာမျိုးပေါ့။ 2024 Runway တွေမှာဆိုလဲ Preppy Style ရဲ့ Essentials ဖြစ်တဲ့ Polo Design တွေကို Brand တော်တော်များများက အသုံးပြုထားတာကိုတွေ့ရမှာပါ။


▫️Roses Are Rosy For This Summer

ဘယ်နှခုနစ်ရောက်ရောက် Floral Fashion တွေကတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရပ်တည်နေဆဲပါပဲ။ အထူးသဖြင့် Summer Fashion နဲ့ပတ်သတ်လာရင်ပေါ့။ ဒီနှစ်ရဲ့ Floral Of The Year ကတော့ နှင်းဆီဖြစ်ပြီး၊ သူ့ကို Ready To Wear Printed Pattern တွေအနေနဲ့သာမက 3D ဖောင်းကြွဒီဇိုင်းတွေ၊ လက်ချုပ် ပန်းပွင့်အကြီးကြီးတွေအနေနဲ့ပါ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီ Floral Fashion ကတော့ မနှစ်ကထွက်တဲ့ Jisoo, Miley Cyrus တို့ Music Video တွေရဲ့ Impact တစ်ခုလို့ပြောနိုင်ပြီး ဒီနှစ်ရဲ့ Biggest Trend တစ်ခု သေချာပေါက်ဖြစ်လာဦးမှာပါ။


▫️Maximize Your Every Accessories

Minimalist Fashion Trends Era က သိပ်မကြာခင်ဆိုကုန်တော့မှာပါ။ 2024 ရဲ့ Main Theme ကို Accessorize To The Moon လို့ပြောရလောက်အောင် Statement Jewelry တွေ၊ Bold & Visible ဖြစ်တဲ့ Accessories တွေနဲ့ လူတစ်ဝက်စာလောက်နီးနီးရှိတဲ့ Mega Bags ကြီးတွေကို Runway တစ်လျှောက်မြင်တွေ့ရမှာဖြစ်ပြီး မကြာခင်လပိုင်းလေးထဲမှာ ဒါတွေက Everyday Fashion ထဲ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။


▫️Maximize Your Every Accessories

Minimalist Fashion Trends Era က သိပ်မကြာခင်ဆိုကုန်တော့မှာပါ။ 2024 ရဲ့ Main Theme ကို Accessorize To The Moon လို့ပြောရလောက်အောင် Statement Jewelry တွေ၊ Bold & Visible ဖြစ်တဲ့ Accessories တွေနဲ့ လူတစ်ဝက်စာလောက်နီးနီးရှိတဲ့ Mega Bags ကြီးတွေကို Runway တစ်လျှောက်မြင်တွေ့ရမှာဖြစ်ပြီး မကြာခင်လပိုင်းလေးထဲမှာ ဒါတွေက Everyday Fashion ထဲ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။


▫️Color For Spring Summer 2024

နောက်ဆုံးအနေနဲ့ကတော့ ဒီနှစ်ရဲ့ Fashion Color တွေကို ပြောပြပေးသွားမယ်နော်။ Summer Stable ဖြစ်တဲ့ အဖြူနဲ့ အရောင်နုတွေကတော့ ထုံးစံအတိုင်းနေရာယူနေမှာဖြစ်ပြီး Flower Trends နဲ့တူတူလိုက်လာတဲ့ Dusty Rose Color, Lilac Color နဲ့ Pistachio Green Color တွေအပြင် အရောင်ရင့်ထဲမှာဆို Forest Green လို အစိမ်းရင့်ရောင်တွေ၊ Deep Navy တွေ၊ Burgundy Red တွေကလဲ အရမ်းခေတ်စားနေဦးမှာပါ။ ကာလာထူးထူးဆန်းဆန်းလေးတွေကြိုက်တဲ့သူတွေအနေနဲ့လဲ Metallic Color တွေကိုရွေးချယ်လို့ရပါသေးတယ်။


 
 
 

Comments


Visit SPONGE!

68 street, 33 x 34 street, MANDALAY.

HOTLINE: +95 9 781 619 337
OPEN DAILY. 9 AM TO 6 PM
  • Facebook
  • TikTok
  • Telegram
  • Instagram

© 2024 by SPONGE. ALL RIGHT RESERVED.

bottom of page