top of page
Search

Building A Capsule Wardrobe: Shoes, Bags & Accessories

ဒီနေ့ခေတ် Fashionista တွေ၊ Blogger တွေ အပြောအများဆုံး စကားစုလေးဖြစ်တဲ့ “Capsule Wardrobe” ဆိုတာကို Instagram, Tik Tok, YouTube အစရှိတဲ့ Platform ပေါ်တွေမှ မကြာမဏဆိုသလိုကြားနေရမှာပါ။ ဒါကြောင့် ဒီနေ့ SPONGE ရဲ့ Article လေးမှာ Capsule Wardrobe ဆိုတာကဘာလဲ၊ ဘာကြောင့်အရေးပါတာလဲနဲ့ Capsule Wardrobe တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ အစရှိတဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာမို့ အဆုံးထိ ဖတ်ရှူလိုက်ကြရအောင်နော်။




▫️𝗪𝗵𝗮𝘁 𝗶𝘀 𝗖𝗔𝗣𝗦𝗨𝗟𝗘 𝗪𝗔𝗥𝗗𝗥𝗢𝗕𝗘

Capsule Wardrobe ဆိုတာက “A Compact Collection Of Clothes That Are Interchangeable and Complement Each Other” ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ မြန်မာလို အလွယ်ဆိုရရင်တော့ “ကျစ်လျစ်ပြီး အသုံးဝင်တဲ့ အဝတ်အထည်စုစည်းမှု” လို့ပြောလို့ရပါတယ်ရှင့်။ Capsule Wardrobe တစ်ခုမှာ ကိုယ့်ရဲ့ Lifestyle နဲံ ကိုက်ညီပြီး၊ ဘာနဲ့ပဲတွဲဝတ်ဝတ် လိုက်ဖက်စေမယ့် Classic Design Pieces တွေပါပါတယ်။ Capsule Wardrobe တွေရဲ့ Main Concept က “Quality is better than quantity” ဖြစ်ပြီး Minimalist Lifestyle ကို အားပေးတဲ့ Idea တစ်ခုဖြစ်ပါတယ်။


▫️𝗪𝗵𝘆 𝗶𝘀 𝗶𝘁 𝘀𝗼 𝗶𝗺𝗽𝗼𝗿𝘁𝗮𝗻𝘁.

Fast Fashion ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိမြင်လာကြတဲ့ ကာလမှာ Sustainable Fashion တွေ၊ Minimalist Fashion တွေကို အရေးပေးလာကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ Capsule Wardrobe တစ်ခုကိုသေချာတည်ဆောက်နိုင်ခြင်းအားဖြင့် ကိုယ့်ရဲ့ ငွေကိုချွေတာရာလဲရောက်သလို၊ မလိုအပ်ပဲ ပတ်ဝန်းကျင်ညစ်ညမ်းစေမှုတွေကိုလဲလျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ Lifestyle တွေ၊ ကိုယ်သဘောကျတဲ့ Styles တွေနဲ့ကိုက်ညီပြီး၊ Quality ကောင်းကောင်းနဲ့ Interchangeable Items တွေကို ဝယ်ယူခြင်းအားဖြင့် ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်စေရုံသာမက Sustainability Management ကိုလဲ အားကောင်းစေမှာဖြစ်ပါတယ်။


▫️𝗦𝗵𝗼𝗲𝘀 𝗙𝗼𝗿 𝗖𝗮𝗽𝘀𝘂𝗹𝗲 𝗪𝗮𝗿𝗱𝗿𝗼𝗯𝗲

ဖိနပ်တွေကို အရမ်း Trendy ဖြစ်တာတွေပဲ လိုက်ဝယ်နေပြီး၊ Basic ကျတဲ့ ဖိနပ်တွေမရှိတဲ့အခါ ပိုက်ဆံတွေသာကုန်သွားတယ်၊ တွဲဝတ်စရာဘာမှမရှိနေတာမျိုးတွေအမြဲကြုံနေရတယ်မလား။ စျေးပေါပြီး Quality ညံ့တဲ့ ဖိနပ်တွေအများအပြားလိုက်ဝယ်နေမယ့်အစား Quality ကောင်းတဲ့ Basic Shoes လေးတွေသာဝယ်ထားလိုက်မယ်ဆိုရင် Outfit လှလှလေးတွေအများကြီးတွဲဝတ်နိုင်တဲ့အပြင် ရေရှည်အတွက်လဲ Budget Saved ဖြစ်စေမှာပါ။ Recommend ပေးချင်တဲ့ Shoes လေးတွေကတော့

▫️Nike Air Force 1 & Converse Chunk 70

▫️Nude & Black Sling Back Heels at comfortable height

▫️Flat Sandals with neutral shades

▫️A High Quality Loafers

▫️A Ballet Flats

▫️A White Crocs for rainy days တွေပဲဖြစ်ပါတယ်။ အေးတဲ့ဒေသတွေမှာဆိုရင်တော့ Crocs ဖိနပ်အစား Ankle Boots and Thigh High Boots တွေဝယ်ကြပေမယ့် ဒီမှာက မိုးအရမ်းရွာတာမို့ အဲ့အစား Crocs တစ်ရံဝယ်ထားလိုက်တာက ပိုပြီးအဆင်ပြေပါလိမ့်မယ်။


▫️𝗕𝗮𝗴𝘀 𝗙𝗼𝗿 𝗖𝗮𝗽𝘀𝘂𝗹𝗲 𝗪𝗮𝗿𝗱𝗿𝗼𝗯𝗲

အိတ်တွေရွေးချယ်ဝယ်ယူတဲ့အခါ High-End Designer Brand တွေမှ မဟုတ်ပဲ ကိုယ်တတ်နိုင်တဲ့ Budget Range မှာ Quality အကောင်းဆုံးပေးနိုင်မယ့် အိတ်တွေကိုရှာဝယ်သင့်ပါတယ်။ Quality သိပ်မကောင်းတဲ့ အိတ်တွေ တစ်လတစ်လုံးဝယ်နေမယ့်အစား Charles & Keith တို့၊ Coach, JW PEI အစရှိတဲ့ Mid-Range Brand တွေထဲက ရွေးချယ်ဝယ်ယူလို့ရပါတယ်။ Local Brand တွေထဲမှာဆိုလဲ Yangoods အိတ်တွေက International Standard ပြည့်မှီတာမို့ အဲ့လိုအိတ်မျိုးတွေဝယ်ဖို့ အကြံပြုပါရစေနော်။ Design ပိုင်းနဲ့ ပတ်သတ်ပြီး ရွေးချယ်သင့်တဲ့ အိတ်တွေကတော့

▫️Half Moon Shoulder Bags

▫️Mini Handbags

▫️Oversized Crossbody Bags

▫️Oversized Canva Jute/Rattan Bags

▫️Basic & Simple Clutch Bags တွေပဲဖြစ်ပါတယ်။


▫️𝗔𝗰𝗰𝗲𝘀𝘀𝗼𝗿𝗶𝗲𝘀 𝗙𝗼𝗿 𝗖𝗮𝗽𝘀𝘂𝗹𝗲 𝗪𝗮𝗿𝗱𝗿𝗼𝗯𝗲

Accessories တွေကတော့ ကိုယ်ဝတ်နေကျ Style ပေါ်မူတည်ပြီး ရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် Capsule Wardrobe ရဲ့ အနှစ်သာရဖြစ်တဲ့ “Less Is More” ဆိုတဲ့ Rule လေးကိုတော့ မေ့မထားပါနဲ့နော်။ အမျိုးသမီးတစ်ယောက်ရဲ့ Wardrobe ထဲမှာရှိသင့်တဲ့ Accessories လေးတွေကတော့

▫️A Good Quality Classic Watch

▫️Sliver or Gold Hoop and Statement Earrings

▫️Minimalist Chain Necklaces and Bracelets

▫️High Quality Sunglasses That Suit Your Face Shape တို့ပဲဖြစ်ပါတယ်။



 
 
 

Comentarios


Visit SPONGE!

68 street, 33 x 34 street, MANDALAY.

HOTLINE: +95 9 781 619 337
OPEN DAILY. 9 AM TO 6 PM
  • Facebook
  • TikTok
  • Telegram
  • Instagram

© 2024 by SPONGE. ALL RIGHT RESERVED.

bottom of page