𝐑𝐚𝐢𝐧𝐲 𝐃𝐚𝐲 𝐅𝐚𝐬𝐡𝐢𝐨𝐧
- Nan Seng Yin Ahom
- Sep 11, 2024
- 1 min read
မိုးလေးတစ်ပြေးနှစ်ပြေးရွာစပြုလာပြီဆိုတော့ ဗီရိုထဲက Hoodie လေးထုတ်ဝတ်ချင်နေကြပြီမလား။ မိုးရာသီဆိုတာက Fashionista တွေ ခေါင်းအစားဆုံးရာသီလို့ပြောရင်လဲ မှားမယ်မထင်ဘူး။ စိုကျိကျိရာသီဥတုမှာ အပြင်ထွက်တဲ့အခါတိုင်း ဖက်ရှင်ကျနေအောင် Styling လုပ်နိုင်ဖို့ဆိုတာက တော်တော်ကြီးတဲ့ Challenge တစ်ခုပါပဲ။ ဒီနေ့တော့ မိုးအေးအေးနေ့ရက်လေးတွေမှာ အပြင်ထွက်တဲ့အခါ လှလှလေးဖြစ်နေအောင် ဘယ်လိုတွဲဖက်ဝတ်ဆင်လို့ရလဲဆိုတဲ့ Idea အချို့ကို Sharing လုပ်သွားပေးမယ်နော်။


▫️No Doubt, It’s A Hoodie Weather
Of course yes ! မိုးအေးတဲ့နေ့တွေမှာ Oversized Hoodie တစ်ထည်လောက် ချစ်စရာအကောင်းဆုံးနဲ့ ဖက်ရှင်အကျဆုံးဖြစ်နေအောင် ပံ့ပိုးနိုင်တာမျိုး ထပ်မရှိနိုင်တော့ပါဘူး။ ကိုယ့်ဗီရိုထဲမှာရှိပြီးသား Hoodie ပွပွတစ်ထည်နဲ့ အိမ်မှာလဲ Chill နိုင်သလို အပြင်ထွက်မယ်ဆိုလဲ ပေါ့ပေါ့ပါးပါး Rain Boots လေးတစ်ရံရန်၊ Baseball Cap လေးတစ်ခုရယ် ကောက်စွပ်လိုက်ရုံနဲ့ အရိုးရှင်းဆုံး လှပနေမယ့် Rainy Day Fashion တစ်ခုကို ရပါပြီ။ ဒါ့အပြင် Hoodie ကို Trench Coat တွေ၊ Leather Jacket တွေနဲ့လဲ Layering လုပ်ဝတ်လို့ရပါသေးတယ်။

▫️The Leather Time We’ve Waited
Finally!!! The time of leather has come to season. တစ်နွေလုံး သည်းခံစောင့်ဆိုင်းခဲ့ရတဲ့ Leather Jacket Season လေးကို ရောက်လာခဲ့ပြီမို့ ဗီရိုထဲမှာ သိမ်းထားတဲ့ Jacket လေးကို ထုတ်ဝတ်လို့ရပါပြီနော်။ Oversized Leather Jacket တစ်ထည်ကို အောက်က နှစ်သက်ရာ၊ ဘောင်းဘီအတို/အရှည်၊ စကပ် အတို/အရှည် ကြိုက်တာနဲ့တွဲဝတ်ပြီး Ankle Boots ဖြစ်ဖြစ်၊ Thigh High Boots လေးနဲ့ တွဲဖက်ဝတ်ဆင်လို့ရတယ်နော်။

▫️Matching Sweatshirt & Pants
အိမ်နေရင်း ပေါ့ပေါ့ပါးပါး ကော်ဖီလေးတစ်ခွက်နဲ့ Chill ချင်တာပဲဖြစ်ဖြစ်၊ အပြင်သွားရင်ပဲဖြစ်ဖြစ် အထာကျနေဖို့ဆို Matching Sweatshirt & Pants လေးတွေကိုဝယ်ထားဖို့မမေ့နဲ့နော်။ Monochromatic Color Set လေးတွေကို အပြင်ထွက်တဲ့အခါ Color Block ဖြစ်စေမယ့် အရောင်ရဲရဲတောက်တောက် အိတ်၊ ဖိနပ်နဲ့ ဦးထုပ်တွေနဲ့တွဲဝတ်တဲ့အခါ အထာကျတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေစေမှာ အမှန်ပါပဲ။

▫️Be Classic & Chill
ကိုယ်က Elegant Look တွေမှ ကြိုက်တတ်တယ်ဆိုရင်တော့ Knitwear လေးတွေဝယ်စုပြီး Styling လုပ်လို့ရပါတယ်။ Chunky Sweater တွေ၊ Cashmere Loungewear တွေ၊ Matching Set တွေကို Scarf တွေ၊ Jacket နဲ့ Trench Coat တွေနဲ့တွဲဝတ်တဲ့အခါမှာလဲ ရိုးရှင်းစွာနဲ့ အထာကျတဲ့ မိုးရာသီဖက်ရှင်လေးတစ်ခုဖြစ်နေမှာပါ။

▫️Accessories To Collect
Rainy Day Outfits တစ်ခုဖန်တီးရတာက ခက်တယ်လို့ ထင်ရပေမယ့် Accessories တွေနဲ့သာ ကောင်းကောင်း Styling လုပ်တတ်မယ်ဆို ရှိပြီးသား Basic Wear လေးတွေကိုပဲသုံးပြီး လှလှလေးဖြတ်သန်းလို့ရပါတယ်။ ဒါကြောင့် မိုးတွင်းအတွက်မရှိမဖြစ်လိုအပ်တဲ့
👢 Leather Boots
🧢 Caps
💼 Bags
🧣 Scarf နဲ့ အခြားသော Accessories လှလှလေးတွေကို ဝယ်စုထားဖို့မမေ့နဲ့နော်။

▫️2024 Rainy Days Fashion Palette
Last but not least, ဒီနှစ်မိုးတွင်းမှာ ဝတ်ဖို့အဆင်ပြေမယ့် ကာလာအတွဲ အစပ်လေးတွေကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်နော်။ နောက် Article လေးမှာတော့ Rainy Day Fashion Palette အကြောင်းကို အသေးစိတ်ရေးသွားပေးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။
Comentarios