top of page
Search

✨ 𝐏𝐨𝐬𝐭 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐖𝐚𝐫𝐝𝐫𝐨𝐛𝐞

ဒီလရဲ့ Fashion Article လေးမှာတော့ SPONGE ရဲ့ကောင်မလေးတွေအတွက် မိုးအကုန်ဆောင်းအကူ ပူလိုက်အေးလိုက်ရာသီဥတုလေးမှာ ဘာလေးတွေဝတ်ဖို့အဆင်ပြေမလဲဆိုတာ Highlight လုပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်နော်။

September လက မိုးရွာလိုက် နေပူလိုက်နဲ့ စပ်ကူးမတ်ကူးကာလလေးမို့ Outfit ရွေးရတာကလဲ ပုံမှန်ထက် ပိုခေါင်းစားနေရတဲ့သူတွေအတွက် ဒီ Article လေးက အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်နော်။


✨ 𝐋𝐢𝐠𝐡𝐭𝐰𝐞𝐢𝐠𝐡𝐭 𝐅𝐚𝐛𝐫𝐢𝐜

ပူလိုက်အေးလိုက်ရာသီဥတုမှာ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျဖို့ဆို ချည်သား Blouse အေးအေးလေးတွေ၊ Cotton T Shirt လေးတွေက မရှိမဖြစ်ပါပဲ။ ဒီလိုအထည်လေးတွေက မိုးရွာတဲ့နေ့တွေမှာလဲ အလွယ်တကူ Layering လုပ်နိုင်တဲ့အပြင် စိုထိုင်းထိုင်းရာသီဥတုကြောင့် လျှော်တဲ့အခါ မခြောက်မှာလဲ စိုးရိမ်စရာမလိုတော့ဘူးပေါ့နော်။


✨ 𝐋𝐚𝐲𝐞𝐫𝐞𝐝 𝐅𝐨𝐫 𝐂𝐨𝐳𝐲 𝐖𝐞𝐚𝐭𝐡𝐞𝐫

နေသာနေရင်းနဲ့ တစ်ခါတစ်ရံ မထင်မှတ်ပဲ မိုးရွာလာတာမျိုးက ဒီလိုအချိန်မှာ အများဆုံးဖြစ်တတ်တာမို့ ရာသီဥတုလေးက Cozy ဖြစ်လာပြီဆိုရင် ကိုယ်ဝတ်နေကျ Outfit လေးတွေကိုပဲ Cardigan လေးဖြစ်ဖြစ်၊ Pullover Sweater လေးဖြစ်ဖြစ်၊ ဒါမှမဟုတ် Jacket နဲ့ Oversized Shirt လေးတစ်ထည်ကောက်ယူပြီး Layering လုပ်လိုက်မယ်ဆိုရင် အပြင်သွားဖို့ Ready Outfit လေးတစ်ခု အလွယ်တကူဖန်တီးလို့ရတယ်နော်။


✨𝐒𝐚𝐯𝐞 𝐘𝐨𝐮𝐫 𝐎𝐮𝐭𝐟𝐢𝐭 𝐅𝐫𝐨𝐦 𝐃𝐢𝐫𝐭𝐬

မိုးတွင်းကမကုန်သေးတာဖြစ်တဲ့အတွက် အပြင်သွားတဲ့အခါ Denim Shorts လေးတွေ၊ ဂျင်းစကပ်အတိုလေးတွေက ခုချိန်မှာအသုံးအဝင်ဆုံးပဲနော်။ ကိုယ့်ရဲ့ Outfit တွေ လမ်းလျှောက်ရင်း မိုးရေစင်မှာမျိုးစိုးရိမ်စရာလဲမလိုတော့ပါဘူး။ ပြီးတော့ လျှော်ရခက်တဲ့ Sneaker တွေအစား Rainboots လေးတွေကိုလဲ အစားထိုးဝတ်ဆင်နိုင်ပါသေးတယ်။


✨ 𝐂𝐨𝐥𝐨𝐫 𝐏𝐚𝐥𝐞𝐭𝐭𝐞 𝐅𝐨𝐫 𝐆𝐥𝐨𝐨𝐦𝐲 𝐖𝐞𝐚𝐭𝐡𝐞𝐫

မိုးကာလတွေမှာ ကွက်ကြားနေပူတာမျိုးတွေက ပူစပ်စပ်နဲ့ ကိုယ့်ရဲ့စိတ်ကို ပိုပြီးထိုင်းမှိုင်းစေတာမို့ ဒီလိုနေ့ရက်မျိုးတွေမှာ Uplifting Mood လေးရစေမယ့် Bright & Cheerful Colors လေးတွေကို အဓိကထားဝတ်ဆင်သင့်ပါတယ်။ Pastel Colors လေးတွေအပြင် ဒီနှစ်ထဲ Trendy ဖြစ်နေတဲ့ Pistachio Green နဲ့ Cinderella Blue လို အရောင်နုလေးတွေက ဝတ်ဆင်ရတဲ့သူရော၊ မြင်ရတဲ့သူကိုပါ အမြင်အေးပြီး အကြည်ဓာတ်လေးရစေမှာအမှန်ပါပဲ။


✨ 𝐌𝐢𝐧𝐢𝐦𝐢𝐳𝐞 𝐘𝐨𝐮𝐫 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬

Simple Outfit Always Looks Great ဆိုတဲ့အတိုင်းပါပဲ ဒီလို မိုးအကုန်ကာလတွေမှာ ရိုးရိုးရှင်းရှင်း Outfit လေးတွေနဲ့ Accessories တွေကိုလဲ Minimalist ဖြစ်တာလေးတွေ ရွေးဝတ်တာက စိတ်ကို သက်တောင့်သက်သာရှိစေပြီး တစ်နေ့တာကို အေးအေးလူလူကျော်ဖြတ်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ။ Tote Bag ကြီးကြီးတစ်လုံးရယ်၊ Gold Accessories သို့မဟုတ် နာရီလေးတစ်လုံးရယ်ရှိရုံနဲ့ ကိုယ့်ရဲ့ Look ကို Simply Elevate လုပ်လို့ရတယ်နော်။



 
 
 

Comments


Visit SPONGE!

68 street, 33 x 34 street, MANDALAY.

HOTLINE: +95 9 781 619 337
OPEN DAILY. 9 AM TO 6 PM
  • Facebook
  • TikTok
  • Telegram
  • Instagram

© 2024 by SPONGE. ALL RIGHT RESERVED.

bottom of page