𝗥𝗔𝗜𝗡𝗬 𝗗𝗔𝗬 𝗙𝗔𝗦𝗛𝗜𝗢𝗡 𝗣𝗔𝗟𝗘𝗧𝗧𝗘 𝗙𝗢𝗥 𝟮𝟬𝟮𝟰
- Nan Seng Yin Ahom
- Sep 12, 2024
- 1 min read
မိုးရာသီဖက်ရှင်ရဲ့ ပထမအပိုင်းမှာ Design တွဲစပ်ပုံလေးတွေကို ပြောပြပေးခဲ့ပြီမို့ ဒီဒုတိယအပိုင်းလေးမှာတော့ မိုးတွင်းမှာ တွဲစပ်ဝတ်ဖို့ Outfit Combos ကာလာတွဲစပ်ပုံလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ကိုယ်ဝတ်နေကျ Style & Aesthetic လေးလဲပျောက်မသွားပဲ Trend နဲ့အညီ လိုက်ဖက်တဲ့ Outfit လေးတစ်ခုဖန်တီးဖို့ဆို ကာလာတွဲစပ်တာက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ဒီနေ့ Article လေးက SPONGE GIRLIES လေးတွေအတွက် အရမ်းကို အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။


🎨 Paring Vivid Color With Black
မိုးရာသီအတွက်ဆို အညစ်အပေခံတဲ့ အနက်ရောင်ကို ဦးစားပေးဝတ်ချင်ကြတာ သဘာဝပဲလေ။ ဒါပေမယ့် All Black Outfit တွေက အုံ့မှိုင်းနေတဲ့နေ့ရက်တွေမှာ ကိုယ့်ရဲ့ Mood ကိုပါကျစေနိုင်တာမို့ မိုးတွင်းနဲ့ လိုက်ဖက်တဲ့ Vivid Color လေးတွေဖြစ်တဲ့ Butter Yellow, Hermes Orange, Valentino Red, Pistachio Green Color တွေနဲ့ တွဲဝတ်ခြင်းက ကိုယ့်ရဲ့ Outfit ကို အများကြီး Lifted လုပ်ပေးပြီး စိတ်ဝင်စားစရာကောင်းစေပါတယ်။

🎨 Gray And Maroon Red
ပြီးခဲ့တဲ့ ဆောင်းရာသီကနေ အခုထိတောက်လျှောက်ခေတ်စားလာတဲ့ Color Combo လေးတစ်ခုဖြစ်တဲ့အပြင် မိုးတွင်းနဲ့လဲ အရမ်းလိုက်ဖက်တာမို့ တွဲစပ်ဝတ်ဆင်သင့်တဲ့ Combo Match လေးတစ်ခုပဲဖြစ်ပါတယ်။ အပူရောင်နဲ့ အအေးရောင်နှစ်ခုကို တွဲစပ်ထားတဲ့ ဒီ Combo လေးက ဘယ်တော့မှမရိုးသွားစေပဲ ဝတ်တဲ့အခါလူကို ထင်းလင်းနေစေမယ့် အရောင်လေးတွေပါ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ်ရွေးချယ်လိုက်တဲ့ ခဲရောင်နဲ့ အနီရောင်က ကိုယ့်ရဲ့ Skin Color နဲ့လိုက်ဖက်နေဖို့တော့ လိုအပ်တယ်နော်။

🎨 Blue, White and The Bright Red
Blue Jeans & White Shirt ဆိုတာက Season အားလုံး၊ လူအားလုံးနဲ့ လိုက်ဖက်တဲ့ အတွဲအစပ်လေးပါပဲ။ ဒါပေမယ့် ဒီ Combo က အရမ်း Basic ဖြစ်လွန်းတာမို့ နည်းနည်းလေးပိုပြီး Elevate ဖြစ်ချင်တဲ့အခါ အနီရောင်တောက်တောက် Accessories လေးတွေ၊ Layering Items လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ရတယ်နော်။

🎨 Styling The Pistachio Green
မိုးရာသီနဲ့ အလိုက်ဖက်ဆုံးကိုပြောပါဆိုရင်တော့ အစိမ်းရောင်ပဲပေါ့။ အစိမ်းတွေက နှစ်တိုင်း Popular Color ထဲမှာပါပြီး ဒီနှစ်အတွက် Color Of The Year ကလဲ Pistachio Green Color လေးဖြစ်တာမို့ ဒီနှစ်မိုးတွင်းမှာ တစ်ရက်လောက်တော့ ဒီအရောင်လေးဝတ်ပြီး ပုံလှလှလေးရိုက်ဖို့မမေ့နဲ့နော်။ နို့စိမ်းနုကိုမှ ခဲရောင်ထပ်ဖောက်ထားသေးတဲ့ ကာလာမျိုးမို့ လူတိုင်းနဲ့လိုက်ဖက်ပြီး ငြိမ်ငြိမ်လေးနဲ့ Youthful Look လေးရစေတဲ့ အရောင်မျိုးလေးပါ။

🎨 The Pastels Never Go Wrong
SPONGE ရဲ့ Main Color Palette လဲဖြစ်ပြီး Season တွေ ဘယ်လောက်ပြောင်းသွားသွား ချစ်စရာအကောင်းဆုံးနဲ့ အလှပဆုံး Youthful Color Palette လေးမို့ အားလုံးကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုတဲ့ မိုးတွင်းကာလလေးမှာ နုလွင်တောက်ပနေတဲ့ Pastel Colors လေးတွေက အလိုက်ဖက်ဆုံးပါပဲ။

🎨 The Neutral Monochromatic
နောက်ဆုံးအနေနဲ့ကတော့ လူကြီးဆန်ဆန် အရောင်အငြိမ်လေးတွေပဲ ဝတ်ချင်ပါတယ်ဆိုတဲ့ မမလေးတို့အတွက် Neutral Colors လေးတွေကို အပေါ်အောက် အနုအရင့်တွဲစပ်ပြီး Monochromatic Look လေးလဲ ဖန်တီးလို့ရတယ်နော်။ Article လေးကတော့ ဒီလောက်ပါပဲ။ သာယာလှပတဲ့ မိုးအေးအေးနေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။
Comments